Friday, May 6, 2016

Leica တံဆိပ်မဟုတ်တဲ့ ကျောကင်မရာနှစ်လုံးတွဲပါဝင်လာမယ့် Huawei Honor V8 စမတ်ဖုန်း

Huawei ဟာ လာမယ့် မေလ ၁၀ ရက်နေ့မှာကျင်းပမယ့် ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ၊ Honor တံဆိပ်နဲ့ အရည်အသွေးမြင့်၊ ဈေးသင့်တဲ့ ဖုန်းအသစ်တစ်လုံးကို ပြသသွားဖို့ရှိနေပါတယ်။Honor V8 လို့ အမည်ပေးထားတဲ့ ဒီဖုန်းမှာ ကျောဘက်ကင်မရာနှစ်လုံးတွဲပါဝင်လာဖို့ရှိပေမယ့်၊ P9 ဖုန်းကလို Leica ကင်မရာနဲ့တော့ မဟုတ်လောက်ဘူးလို့ သိရပါတယ်။ဒီဖုန်းဟာ မျက်နှာပြင်ကြီးကြီးကြိုက်သူတွေအတွက် တကယ်အဆင်ပြေမယ့်၊ ဖက်ဘလက်အမျိုးအစား စမတ်ဖုန်းဖြစ်ပြီး၊ မျက်နှာပြင်အကျယ် ၅.၇ လက်မအထိ ရှိပါတယ်။တရုတ်ဆက်သွယ်ရေးကော်မရှင်အဖွဲ့အစည်း (TENAA) က သတင်းအချက်အလက်တွေအရ Honor V8 ဖုန်းဟာ QHD (2560×1440 pixels) ရုပ်ထွက်နဲ့၊ ပုံမှန် 1080p ရုပ်ထွက် ဆိုပြီး မော်ဒယ်နှစ်မျိုးထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။OS က Android Marshmallow စနစ်နဲ့ဖြစ်ပြီး၊ 2.3 GHz ရှိတဲ့ octa-core ပရိုဆက်ဆာကိုအသုံးပြုထားကာ၊ RAM 4GB နဲ့ ဖုန်းတွင်း storage 32 GB တို့ ပါဝင်မှာဖြစ်ပါတယ်။ဖုန်းနောက်ကျောဘက်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ 12-megapixel ရှိတဲ့ ကင်မရာနှစ်လုံးတွဲလည်း ပါဝင်လာပါတယ်။ ဒါပေမယ့် ဒီကင်မရာနှစ်လုံးတွဲဟာ Huawei P9 ဖုန်းတုန်းကလို Leica ကင်မရာနဲ့တော့ မဟုတ်နိုင်ပါဘူး။ TENAA မှာ ပြထားတဲ့ပုံအရလည်း Honor V8 ဖုန်းမှာ Leica အမှတ်တံဆိပ်ရေးထိုးထားတာ မတွေ့ရတာကြောင့်၊ Leica ကင်မရာကိုတော့ ဒီဖုန်းမှာ မျှော်လင့်နိုင်မှာမဟုတ်ပါဘူး။Honor V8 ဖုန်း တကယ်ထွက်ရှိမယ့် မေလ ၁၀ ရက်နေ့ရောက်မှပဲ၊ ဒီဖုန်းမှာ ဘာတွေပါဝင်လာသလဲဆိုတာ ကျနော်တို့ တိတိကျကျသိရမှာပါ။

0 comments:

Post a Comment