Friday, May 6, 2016

full-HD မျက်နှာပြင်၊ RAM 3GB နဲ့ လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ Coolpad Note 3 Plus တန်ဖိုးနည်းစမတ်ဖုန်း

တန်ဖိုးနည်းစမတ်ဖုန်းတွေနဲ့ လူသိများလာတဲ့ Coolpad ဟာ Note 3 စမတ်ဖုန်းရဲ့ နောက်ထပ်မော်ဒယ် Note 3 Plus ဖုန်းကို အိန္ဒိယဈေးကွက်မှာ စတင်ဖြန့်ချိလိုက်ပြီဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်၊ ရူပီး ၈၉၉၉ (မြန်မာငွေ တစ်သိန်းခွဲခန့်) သာရှိပေမယ့်၊ စမတ်ဖုန်းစွမ်းဆောင်ရည်ကတော့ အမိုက်စားပါပဲ။မေလ ၁၃ ရက်နေ့မှာ စတင်ရောင်းချမယ့် Coolpad Note 3 Plus စမတ်ဖုန်းဟာ ရုပ်ထွက်အမြင့်စား 1080×1920 pixels (full-HD) မျက်နှာပြင်ပါဝင်ပြီး၊ RAM ကလည်း 3GB အထိရှိပါတယ်။ မျက်နှာပြင် အကျယ်ကလည်း ၅.၅ လက်မဆိုတော့၊ မျက်နှာပြင်ကြီးကြီးကြိုက်သူတွေအတွက် အနေတော်ပါပဲ။SIM နှစ်ကတ်ထိုးပြီးသုံးစွဲနိုင်တဲ့ Coolpad Note 3 Plus စမတ်ဖုန်းဟာ Android 5.5 Lollipod စနစ်နဲ့ ဖြစ်ပြီး၊ 1.3 GHz octa-core MediaTek 6753 SoC ကို အသုံးပြုထားပါတယ်။ RAM ကလည်း တန်ဖိုးနည်းဖုန်း ဆိုပေမယ့်၊ 3GB တောင် ပါတာကြောင့်၊ ဖုန်းသုံးရတာ အထစ်အငေါ့မရှိသုံးနိုင်မှာပါ။ ကျောဘက်မှာ 13-megapixel ကင်မရာပါဝင်ပြီး၊ ဆယ်လ်ဖီရိုက်ဖို့အတွက်တော့ 5-megapixel ဖြစ်ပါတယ်။ဒီထက်ကောင်းတဲ့တစ်ချက်ကတော့ အခုရေပန်းစားနေတဲ့ လက်ဗွေရာဆန်ဆာပါ ဒီဖုန်းမှာ ပါဝင်လာတာဖြစ်ပြီး၊ အဖြူရောင်နဲ့ ရွှေရောင်ဆိုပြီး နှစ်မျိုးဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယဈေးကွက်မှာသာ Amazon India ကနေ မှာယူနိုင်ဦးမှာဖြစ်ပြီး၊ နိုင်ငံတကာကို ဘယ်တော့ရောက်မလဲဆိုတာတော့ မသိရှိရသေးပါဘူး။
 
Ref: Gadgets360

0 comments:

Post a Comment