Friday, May 6, 2016

Gmail ၊ Yahoo Mail နဲ့ Hotmail အကောင့်ပေါင်း ၂၇၂ သန်းကျော်ကို ရုရှားဟက်ကာ ခိုးယူ

တကယ်လို့ သင်ဟာ Gmail ၊ Yahoo Mail နဲ့ Hotmail တစ်ခုခု အသုံးပြုသူဆိုရင်၊ အခုချက်ချင်း၊ သင့် မေးလ် password ကို ပြောင်းပစ်ဖို့ အကြံပေးပါရစေ။Reuters သတင်းဌာနရဲ့တင်ပြချက်အရ၊ ရုရှားဟက်ကာတစ်ယောက်ဟာ အထက်ဖော်ပြပါအီးမေးလ် password ပေါင်း ၂၇၂ သန်းကျော်ကို ခိုးယူပြီး၊ ရုရှားဒုစရိုက်လောကမှာ အွန်လိုင်းကနေ ရောင်းချနေတယ်လို့ သိရပါတယ်။Reuters ရဲ့ သတင်းသာမှန်မယ်ဆိုရင်တော့၊ ဒါဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က၊ အမေရိကန်ဘဏ်တွေနဲ့ လက်လီအရောင်းဆိုင်တွေကို ဟက်ဟာတွေတိုက်ခိုက်ခဲ့ပြီးနောက်မှာ၊ ကမ္ဘာ့အကြီးမားဆုံးလုံခြုံရေးချိုးဖောက်မှု တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။အမေရိကန်အခြေစိုက်၊ လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Holden Security က လုံခြုံရေးပညာရှင်တစ်ဦးက ဖော်ထုတ်ခဲ့တာဖြစ်ပြီး၊ ကုမ္ပဏီရဲ့ပြောကြားချက်အရ၊ အခိုးခံခဲ့ရတဲ့အကောင့်တွေထဲမှာ Mail.ru အကောင့် ပေါင်း ၅၃ သန်း၊ Yahoo အကောင့်ပေါင်း သန်း ၄၀ ၊ Microsoft Hotmail အကောင့်ပေါင်း ၃၃ သန်းနဲ့ Gmail အကောင့်ပေါင်း ၂၄ သန်းလောက် ပါဝင်နေတယ်လို့ သိရပါတယ်။
Gmail အသုံးပြုသူတွေဟာ အီးမေးလ်အ၀င်အထွက်လုပ်ဖို့တစ်ခုတည်းမဟုတ်ဘဲ၊ Google ရဲ့ တခြားဝန်ဆောင်မှုတွေဖြစ်တဲ့ Google Play ၊ Google Map စတာတွေကိုပါ တွဲသုံးတာဖြစ်တာကြောင့်၊ အခုချက်ချင်း သင့် Gmail password ကို ပြောင်းပစ်သင့်ပါတယ်။
Holden ကုမ္ပဏီဟာ အရင်ကလည်း Adobe Systems ၊ JPMorgan နဲ့ Target တို့က user ပေါင်း ၁၀ သန်းရဲ့ ဒေတာအချက်အလက်တွေဖောက်ထွင်းခံရမှုကို ဖော်ထုတ်ပြခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်တာကြောင့်၊ သတိထားဖို့တော့လိုပါတယ်။
နောက်ထပ်ထူးခြားချက်အနေနဲ့၊ အဆိုပါဟက်ဟာကာ ဒီအကောင့်ပေါင်း သန်း ၂၀၀ ကျော်ကို တစ်ဒေါ်လာတောင်မရှိတဲ့ ရူဘယ်ငွေ ၅၀ ဈေးသာ တောင်းဆိုထားပြီး၊ သူ့အပေါ် ချိုချိုသာသာနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့သူတွေကို ဒေတာတွေ ပေးပစ်ဖို့ လိုလားနေတယ်လို့လည်း သိရပါတယ်။
Ref: Forbes, Reuters

0 comments:

Post a Comment