Thursday, May 5, 2016

နည်းပညာပိုင်းဆိုင်ရာများ လက်တွေ့စမ်းသပ်နိုင်မည့် Lab တစ်ခုကို Trust Net တည်ဆောက်


Fortinet Solution များကို စင်ကာပူအခြေစိုက် Pacific Tech မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချပေးနေသော ကုမ္ပဏီတစ်ခုဖြစ်သည့် Trust Net သည် နည်းပညာဆိုင်ရာ Lab တစ်ခုကို ဖန်တီးတည်ဆောက်နေကြောင်း သိရသည်။
အဆိုပါ Lab သည် cisco နှင့် vmware နည်းပညာများကို လက်တွေ့စမ်းသပ် အသုံးပြုနိုင်မည်ဖြစ်ပြီး ယခု မေလအတွင်း စတင်အသုံးပြုနိုင်မည်ဟု သိရသည်။
"ပထမဦးဆုံး အနေနဲ့ကတော့ Customer ကို စမ်းသပ်အသုံးပြုနိုင်စေဖို့ပါ။ နောက်ပိုင်းတော့ လူငယ်တွေပါ အသုံးပြုလာစေချင်တယ်" ဟု Trust Net မှ ကိုဇော်က ပြောသည်။
Lab ကို အခကြေးငွေရယူ၍ ဖွင့်လှစ်သွားမည်မဟုတ်ဘဲ လူငယ်များနှင့်အတူ လက်တွေ့စမ်းသပ်မှုများ ၊ ဟောပြောဆွေးနွေးမှုများ ပြုလုပ်လိုသည်ဟု ကိုဇော်က ဆိုသည်။
အဓိကအားဖြင့် Fortinet Solution ဝယ်ယူထားသူများကို နည်းပညာစမ်းသပ်မှုအနေဖြင့် အသုံးပြုစေမည်ဖြစ်ပြီး လူငယ်များကိုလည်း စမ်းသပ်ခန်းကို အသုံးပြုသွားစေမည်ဟု ဆိုသည်။
Trust Net သည် ၂၀၁၀ ခု နှစ်အတွင်း လုပ်ငန်းစတင်ခဲ့သည် ကုမ္ပဏီတစ်ခုဖြစ်ပြီး Data Center နှင့် Enterprise များအတွက် Hardware နှင့် Software Solution များကို ဝန်ဆောင်မှု ပေးအပ်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။
 

Credit 
Internetjournal

0 comments:

Post a Comment