Friday, May 6, 2016

မေလ ၆ရက်နေ့မှာ Apple ပစ္စည်းတွေရဲ့ “i” ဆိုတဲ့စကားလုံးကိုစတင်ယူဆောင်လာခဲ့ပါတယ်

၁၉၉၈ခုနှစ်၊ မေလ ၆ရက်နေ့မှာ ၁၉၈၄တုန်းက ပထမဆုံး Mac ကိုကြေငြာပြသခဲ့တဲ့ နေရာဖြစ်တဲ့ Flint Center Theater မှာ Apple CEO ဖြစ်သူ Steve Jobs ဟာ ပထမဆုံး iMac ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ဒီ iMac ဟာ နောက်ပိုင်းမှာ သူရဲ့ကိုယ်ထည်ကို တည်ဆောက်ထားတဲ့ အရောင်ကြောင့် “Bondi Blue” ဆိုပြီး လူသိများကျော်ကြားပါတယ်။
Jobs က iMac ကို အင်တာနက်သုံးဖို့အတွက် ကျွန်တော်တို့အတွက် အကောင်းဆုံးကွန်ပျူတာလို့ ပြောကြားခဲ့ပါတယ်။ မေလ၆ ရက်နေ့မှာ မိတ်ဆက်ပြီး ရက်ပေါင်းကိုးဆယ်အတွင်းတင်ပို့ ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် တကယ်တမ်းတော့ သြဂုတ်လ ၁၅ရက်နေ့မှသာ ဖြန့်ချိနိုင်ခဲ့ပါတယ်။ Apple ဟာ iMac ကိုမထုတ်လုပ်ခင်မှာပဲ အမှာစာပေါင်း ၁၅၀,၀၀၀ လောက်လက်ခံရရှိခဲ့တာကြောင့် Apple ရဲ့တစ်ကျော့ပြန်ခေတ်စားလာမှုကို စတင်စေခဲ့တဲ့ အခြေအနေတစ်ရပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။
အဲ့ဒီအပြင် “i” ဆိုတဲ့ အစစကားလုံးကို စတင်ထည့်သွင်းခဲ့ပြီး နောက်ပိုင်းထွက်တဲ့ ပစ္စည်းတွေအကုန်လုံးကို “i” ဆိုတဲ့ Apple ရဲ့ Trademark စကားလုံး ပါဝင်သွားစေခဲ့တာပါ။ ဒါ့အပြင် iMac ဟာ တစ်ကျော့ပြန် Apple ကို နည်းပညာခေတ် တစ်ခေတ်ဆန်းစေခဲ့တာမို့ ယခု ဒေါ်လာ၁၃၇ဘီလီယံ တန်ကြေးရှိနေပြီဖြစ်တဲ့ Apple ရဲ့အသက်သွေးကြောဖြစ်ခဲ့တယ်ဆိုရင် မမှားပါဘူး။
 
Ref: This Day in Tech History

0 comments:

Post a Comment