This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, December 28, 2015

Facebook Message များဖျက်ပီးသား စာများကို ပြန်ယူချင်ပါတယ်ဆိုတဲ့ ကိုကို မမ များအတွက် GT Messenger Recovery




တခြားသူတွေတော့ သိဘူးဗျ အနော်ကတော့ တစ်ခါတစ်လေ Chat Box ထဲကစာတွေကို မလိုချင်တော့ရင်
ဖျက်ပစ်တက်တယ်ဗျ တစ်ခါတစ်လေ အဲလိုဖျက်လိုက်ပီးမှ ပြန်လိုချင်တဲ့စာတွေလည်း တစ်ခါတစ် ရှိတက်တယ် အဲလိုပြန်လိုချင်တဲ့အခါ ပြန်ယူလို့မရတော့ရင် ကိုယ့်ကိုယ်ကို ပြန်စိတ်တိုမိတယ်ဗျ ငါဖျက်လိုက်လို့ အရေးကြီးတဲ့စာတွေပါသွားပီ ဆိုပီးတော့ပေါ့ ခုတော့စိတ်တိုစရာလိုတော့ဘူးလေ ဟဲဟဲ
လိုအပ်သူများအောက်မှာ ဒေါင်းယူပါ




Screenshot
 



အားလုံးအဆင်ပြေပါစေ။

 


 

Sunday, December 27, 2015

Huawei ဖုန်းများ Firmware တင်နည်း ကွန်ပျူတာမလို



ကွန်တော်ကို firmware ဘယ်လိုတင်လည်းဆိုတာအမေးများလာလို့ပါ အဲဒီလိုမေးလာကြတဲ့အခါတိုင်း ကွန်ပျူတာသုံးလားလို့ ပြန်မေးလိုက်ရင် မသုံးဘူးဆိုတဲ့သူတွေက အရမ်းများပါတယ်
အဲဒါကြောင့် ကွန်ပျူတာကို လုံးဝမသုံးပဲ firmware တင်လို့ရတဲ့နည်းပါ firmware တင်ဖူးချင်တယ် firmware တင်တာမြင်ဖူးချင်ပါတယ်ဆိုတဲ့ ညီအကိုများအတွက်ပါ
သိပီးသားဆြာများကျော်သွားပေးပါ။

Huawei ဖုန်းများ ကွန်ပျူတာမသုံးပဲ firmware ပြန်တင်တော့မယ်ဆိုလျှင်

၁ ။ မိမိဖုန်းရဲ့မော်ဒယ်အလိုက် firmware ကိုဖုန်းနဲ့ဒေါင်းပါ ဖုန်းထဲမှာ မန်မိုရီအနည်းဆုံး 
( 2GB ) လောက်နေရာလွတ်နေရပါမယ် အကျန်တော့ဘူးဆိုရင် မလိုအပ်တဲ့ Data တွေကိုရွေးဖျက်ပါ 
( သို့မဟုတ် ) မန်မိုရီကဒ် အပိုရှိရင် ဖုန်းထဲက ကဒ်နဲ့ ခဏအစားထိုးသုံးပါ။ မန်မိုရီနေရာ ဘယ်လောက်ကျန်သေးလဲသိချင်ရင် Setting ထဲက Storage မှာသွားကြည့်လိုက်ပါ


၂ ။ မိမိဖုန်းရဲ့ Build Number ကိုကြည့်ပါ။ firmware ပြန်တင်တဲ့အခါမှာ sd card မကောင်းရင် တင်မရသလို လက်ရှိသုံးနေတဲ့ Build Number ကမြင့်ပီး firmware အသစ်က Build Number နိပ်နေရင် Error ပေါ်ပါတယ် firmware တင်လို့မရပါ။ ( sd card နေရာလုံလောက်ပီ Build Number လည်းသေခြာစစ်ဆေးပီးပီဆိုရင် firmware ကိုဒေါင်းယူလို့ရပါပီ။ မိမိဒေါင်းလိုက်တဲ့ firmware ဟာ Build Number မမြင့်ရင်တောင် လက်ရှိသုံးနေတဲ့ Build Number ဖြစ်ရပါမယ် ) 
Build Number ကိုသိချင်လျှင် Setting ထဲက About phone ထဲမှာသွားကြည့်လိုက်ပါ။


၃ ။ မိမိဖုန်းထဲမှာ firmware ဒေါင်းလို့ရလာတဲ့အခါ firmware file ဟာ ( zip file ) နဲ့ချုပ်ထားတာဖြစ်လို့ zip ဖြည်ထုတ်ရပါမယ်။ ထို့ကြောင့် File Manager ထဲမှာ မိမိဒေါင်းယူထားတဲ့ Firmware file ကိုရှာပီး
လက်နဲ့ဖိထားလိုက်ပါ။ ထိုနောက်ပုံမှာပါသည့်အတိုင်း Extract ကိုနိပ်ပါ






၎ ။ အဲလိုဖြည်ထုတ်လိုက်တဲ့အခါ folder တစ်ခုတိုးလာပါပီ။ အဲဒီ folder ကိုဖွင့်လိုက်တဲ့အခါ အထဲမှာ dload ဆိုတဲ့ folder တစ်ခုကိုတွေရပါမယ် အဲဒီ folder ကိုလက်နဲ့ ခဏဖိထားပီး Cut လုပ်ပါ ပီးရင် Back ပြန်ဆုတ်ပီး Paste လုပ်ပါ






၅ ။ ဒီအဆင့်ရောက်ပီဆိုရင် Setting ထဲမှ About phone ထဲမှာ System Update ကိုနိပ်ပါ။
ပြီးလျှင် Local update ကိုနိပ်ပါ။ ပြီးရင် confirm ပြီးလျှင် Upgrade ကိုနိပ်ပါ။





အဲဒီအဆင့်ပီးသွားရင်တော့ ဖုန်းဟာ Restart ကျသွားပါမယ်။ ပြီးလျှင်ဖုန်းသူ့အလိုလိုပြန်ပွင်လာပီး
firmware စတင်ပါပြီ။



အဲဒီလိုင်းတန်းလေးဆုံးတဲ့အထိစောင့်လိုက်ပါ ပီးရင် Ok ပါပြီ။

အကျန်ပေးချင်တာကတော့ firmware ဒေါင်းရတာ size က 1Gb နီးပါရှိတဲ့အတွက် မြန်မာပြည်အင်တာနက်ဈေးနုန်းနဲ့သာဆိုလျှင် ဆာဗစ်ဆိုင်မှာ သွားတင်ခိုင်းလိုက်တာ
ကုန်ကျစရိတ်ပိုနည်းသလို အာရုံလည်းမနောက်တော့ဘူးပေါ့ဗျာ ခုကကွန်ပျူတာမရှိဘဲ frimware ပြန်တင်မရဘူးလား မေးလာကြလို့ပါ။ ကလိတာဝါသနာပါ တဲ့သူတွေ ( သို့ ) အင်တာနက် free သုံးနေတဲ့သူတွေအတွက်တော့ အဆင်ပြေတာပေါ့။ ဒီနည်းက firmware အဟောင်းပြန်တက်နေသေးတဲ့ ဖုန်းများအတွက်ပါ။ firmware လုံးဝကျသွားတဲ့ ဖုန်းတွေအတွက်လည်းသိပ်မခက်ပါဘူး အဲ့နည်းနဲ့ နောက်ပိုင်းလေးမှာ နည်းနည်းပဲကွာသွားတာပါ။ အဲဒီနည်းလိုချင်တယ်ဆိုရင်တော့ပြောနေခုတော့
စာရေးရတာ တော်တော်လေးရှည်သွားလို့ ဒီမှာပဲအဆုံးသက်လိုက်တော့မယ်နော်။ တော်ကြာစာဖက်သူတွေ ( ဒီလူလျှာကြောတော်တော်ရှည်တာပဲ ပြောနေကြအုံးမယ် :-P )

 
အားလုံးအဆင်ပြေပါစေ။






Saturday, December 26, 2015

Android User များအတွက် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်များ




ဒီနေ့လေးဟာ ကျွန်တော့်ရဲ့မွေးနေ့လေးဖြစ်တဲ့အတွက် တကယ်တန်ဖိုးရှိတဲ့ဆော့ဝဲလ်လေးတွေကိုလက်ဆောင်အဖြစ်တင်ပေးလိုက်ပါတယ်နော်
စာရေးတာ နည်းနည်းရှည်သွားရင် သည်းခံပီးဖက်ပေးပါ တယ်ကယ်တန်ဖိုးရှိတဲ့ဆော့ဝဲလ် တွေပါ
ခုနောက်ပိုင်း Android Phone လောကကို မမျှော်လင့်ပဲ Virus တစ်မျိုးသောင်းကျန်းလာပါတယ် တော်တော်ဆိုးတဲ့ Virus တစ်မျိုးပါ
သူ့ကိုဖုန်းလောကသားတွေက မျောက်ကိုက်တယ်လို့ခေါ်ကြပါတယ်။ အဲဒီ Virus က ဖုန်းရဲ့ System ထဲထိကိုဝင်မွေတဲ့ကောင်ပါ ဖုန်းကို Root ဖောက်ထားသည်ဖြင့်စေ
မဖောက်ထားသည်ဖြစ်စေ သူဟာ System ပိုင်းထဲထိဝင်နိုင်ပါတယ်။ ဖုန်းရဲ့ Error တော်တော်များများဟာ Reset ချလိုက်ရင်ပြန်ကောင်းလာပေမဲ့ ဒီ Virus ထိထားတဲ့ဖုန်းဟာ
ဘယ်လိုမှ Reset ချလို့မရပါဘူး Firmware ပြန်တင်ရင်တောင် သာမန်ဖုန်းထပ်ကိုပိုပြီး ခက်ခဲမှုတွေနဲ့ကြုံနေရပါတယ်။ အဲဒီ Virus သွားခဲ့ရင် ဖုန်းမှာဖြစ်သွားတဲ့လက္ခဏာတွေကတော့
ကြော်ငှာလင့်တွေ အချိန်တိုင်းပေါ်နေမယ် ဖုန်းကအရမ်းလေးလာပီး တချို့ဖုန်းတွေဆိုပူလာမယ် နောက်ပီးဆော့ဝဲလ်တွေ ဒေါင်းလော့မဆွဲပဲ သူ့အလိုလိုဝင်လာကြမယ် ပီးရင်ပြန်ဖျက်မရဘူး
Unfortunateiy, Game Center has stopped ဆိုပီးအမြဲပေါ်နေလို့ ဖုန်းကဘာမှသုံးမရဖြစ်နေမယ် တစ်ချို့ဖုန်းတွေဆို ဖုန်းကသုံးနေရင်းသူ့အလိုလို Auto Shutdown ( ပါဝါအလိုလျောက်ပိတ် ) ကျသွားတာမျိုးတွေကြုံနေရကြပါတယ်
ဖုန်းနဲ့အင်တာနက်အသုံးပြုသူ 80% လောက်ရှိမယ်ထင်တယ် အဲဒီပြဿနာမျိုးတွေကြုံနေရကြပါတယ်။ အဲဒီလိုပြဿနာမျိုးကြုံလို့ firmware ပြန်ရှာလို့လွယ်ကူတဲ့ဖုန်းတွေဆိုရင်တော့သိပ်ကိစ္စမရှိပေမဲ့
Firmware ပြန်ရှာမရတဲ့ဖုန်းအမျိုးစားတွေ ဘာမဟုတ်တဲ့ပြဿနာကြောင့် လွင့်ပစ်ရတဲ့အထိဖြစ်နေကြပါတယ် အဲဒီလိုကိစ္စမျိုးကြုံနေရတဲ့သူတွေအတွက်တကယ့်ကို အဖိုးတန်ရတနာတစ်ပါဖြစ်မယ်လို့ထင်ပါတယ်
အဲဒီလိုမဖြစ်သေးတဲ့သူတွေလည်း Virus Software ကောင်းကောင်းတစ်ခုထည့်ပီးကာကွယ်ထားရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ ခုကျွန်တော်တင်ပေးတဲ့ ဆော့ဝဲလ်တွေက များကြီးပါ စမ်းသက်ပီးသားတွေကြီးပါ
ဖုန်းတစ်လုံးနဲ့တစ်လုံးကပုံသေတွက်လို့မရပါဘူး ဆော့ဝဲတစ်ခုထဲနဲ့ဖုန်းအားလုံးမှာအဆင်မပြေတဲ့အတွက် မိမိဖုန်းနဲ့ကိုက်ညီမဲ့ဆော့ဝဲကို တစ်ခုပီးတစ်ခုစမ်းကြည့်လိုက်ပါ တစ်ခုမဟုတ်တစ်ခုနဲ့တော့အဆင်ပြေမှာပါ
ဆော့ဝဲအားလုံးကကောင်းပါတယ် အလုပ်အမှန်တစ်ကယ်လုပ်တယ်ဆိုပေမဲ့ ဖုန်းအားလုံးမှာအဆင်မပြေတာတစ်ခုတော့နည်းနည်းစိုးတယ်ဗျာ။ အဲဒီ Virus မထိသေးတဲ့သူတွေကတော့ Kaspersky ( or ) Avast
လိုဆော့ဝဲမျိုးတွေဆောင်ထားသင့်ပါတယ်။ စာဖက်ရတာမောတွားပီလား ဆောရီးနော် စေတနာတွေပါဟဲဟဲ အဆင်ပြေကြပါစေဗျာ။ အောက်မှာဘာဆော့ဝဲတွေလည်းဆိုတာ ဆက်ပီးဖက်ကြည့်လိုက်အုံးနော် :-P

ဒီဆော့ဝဲလေးက Stubborn Trojan Killer ဖြစ်ပါတယ် သူ့ကို CM Security နဲ့တွဲပီးသုံးရပါတယ်




နောက်တစ်ခုက  M Cleaner



နောက်တစ်မျိုးက Anti Monkey test Last



နောက်တစ်မျိုးက Avast Mobile Security



နောက်တစ်ခုက Kaspersky Internet Security




နောက်တစ်ခုက Kaspersky Mobile Security



နောက်ဆုံးတစ်ခုကတော့ ကွန်ပျူတာနဲ့ USB ချိတ်ဆက်ပီးသုံးရမှာဖြစ်ပါတယ်


ကွန်ပျူတာနဲ့ USB ချိတ်ဆက်ပီးသုံးရမဲ့ဆော့ဝဲကတော့ ( rar ) နဲ့ချုပ်ထားတာဖြစ်ပြီး ကျွန်တော့် gmail account ကို password အဖြစ်ထည့်ထားပါတယ် password တောင်းလာပါက mwdarkarsoe@gmail.com လို့ရိုက်ထည့်ပေးလိုက်ပါ ဆော့ဝဲဒေါင်းယူတာနဲ့ password ကို Copy ဆွဲသွားလိုက်ပါ

( ဝန်ခံချက်။ ။ဒီဆော့ဝဲတွေအားလုံးဟာ ကျွန်တော်လိုင်းပေါ်ကနေပဲရခဲ့တာပါ link တွေက တစ်ခုကိုတစ်မျိုးစီဆိုတော့ မူရင်း link တွေကို ဖေါ်ပြဖို့ခက်ခဲတဲ့အတွက်ကြောင့် မူရင်း link ပိုင်ရှင်များ သည်းခံပေးကြပါရန် )

အားလုံးအဆင်ပြေပါစေ။






Monday, December 21, 2015

ခုနောက်ပိုင်း မိုဘိုင်းလောကကို ဇောက်ထိုးဖြစ်သွားအောင်မွေတဲ့ မြောက်ရန်က ကာကွယ်ဖို့ Kaspersky Internet Security သုံးကြစို့




Kaspersky ဆိုတဲ့အသံကိုကြားတာနဲ့ ဘာလဲဆိုတာ သိကြပြီးသားလို့ထင်ပါတယ် Windows Virus ဆော့ဝဲလောကမှာ ဆရာတစ်ဆူလို့ပြောရင်မမှားပါဘူး
ခုက Android အတွက်ပါ ခုနောက်ပိုင်း ဖုန်းလောကထဲမှာ မန်းကီးဆိုတဲ့ အကောင်တော်တော်လေးကိုဒုက္ခပေးနေတယ်ဗျ အဲဒီ Virus ကို ဒီဆော့ဝဲက ကောင်းကောင်းကာကွယ်ထားနိုင်ပါတယ်
မန်းကီး ဝင်ကိုက်ပီးသားဖုန်းတွေကို စမ်းသက်တဲ့အခါမှာ တစ်ချို့ဖုန်းတွေမှာ အောင်မြင်မှုရှိသလို တစ်ချို့ဖုန်းတွေကတော့တော်တော်လေးအခြေနေဆိုးနေပါပီ ဘာ Application ကိုမှနိပ်လို့မရောတော့တဲ့ဖုန်းတွေကြတော့အဆင်မပြေတော့ဘူးပေါ့ဗျာ
အကောင်းဆုံးကတော့ Virus မဝင်ခင်ထဲကကြိုတင်ကာကွယ်ထားတာကောင်းပါတယ်။ ခု Kaspersky Internet Security နဲ့ Kaspersky Mobile Security နှစ်ခုလုံးတင်ပေးလိုက်ပါတယ် ကြိုက်ရာတစ်ခုကိုရွေးသုံးနိုင်ပါတယ်။



Internet Security - Screenshot



Mobile Security - Screenshot


အားလုံးအဆင်ပြေပါစေ။

 


 


Thursday, December 10, 2015

Facebook မှာ မှားပီး Block မိသွားတဲ့ Friend ကို Unblock ပြန်လုပ်မယ်



Fb Chat Box ကနေအကိုတစ်ယောက်က မေးလာလို့ပါ။
သူမေးလာတာက ( အကိုအာကာ ကျွန်တော့်fbမှာ block လိုက်တဲ့ Fri ကိုပြန် Add
လို့ရပါသလား ရတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ )
လို့မေးလာတဲ့အတွက် ကျွန်တော် အဲဒီနည်းကို ဆော့ဝဲလ်လေး လုပ်ပီးတင်ပေးလိုက်ပါတယ် သိပီးသားဆရာများ ကျော်သွားပေးပါ မသိသေးသူများအတွက်ပါ
အဆင်ပြေကြပါစေ။



အားလုံးအဆင်ပြေပါစေ။

Tuesday, December 1, 2015

Pc မှာဆော့တဲ့ Command & Conquer Generals Zero Hour ဂိမ်းလို Addroid ဖုန်းမှာကစားနိုင်မဲ့ Empires & Allies .apk





Command & Conquer Generals Zero Hour ဂိမ်းကို ဖုန်းမှာဆော့လို့မရဘူးလားမေးလာကြတဲ့
ဘော်ဘော်တွေအတွက်ပါ အဲဒီလိုပုံစံဒီဇိုင်းမျိုးလေးဆော့လို့ရတဲ့ဂိမ်းလေးကိုတင်ပေးလိုက်ပါတယ်
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှ နဲ့ ကမ္ဘာတစ်ခွင်ကို တိုက်ပွဲတွေဝင်ပီး
အပိုင်သိမ်းကြမဲ့ဂိမ်းလေးပါ ဂိမ်းဝါသနာအိုးများအတွက် အထူး ( Special )
ဂိမ်းလေပါ ဆော့ချင်သူများအောက်မှာ ဒေါင်းယူပါ







အားလုံးအဆင်ပြေပါစေ။