Sony က ပန်းရောင် Xperia Z5 Premium ကို မိတ်ဆက်လိုက်ပါသည်။ ပန်းရောင် Sony Xperia Z5 ကို လွန်ခဲ့သော သုံးလအကြာက ရောင်းချခဲ့ပါသည်။ Sony က ပန်းရောင် Xperia Z5 Premium ၏ ဈေးနှုန်း၊ ရောင်းချမည့် နေ့ရက်နှင့် နိုင်ငံများကို ကြေညာခြင်း မရှိသေးပါ။ Sony က အဆိုပါ ကြေညာချက်ကို Twitter တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
Sony Xperia Z5 Premium ၏ Specification များကိုပြန်လည်ဖော်ပြရလျှင် 5.5” 2160×3840 Pixels Display , Qualcomm Snapdragon 810 Chipset , 32GB , 3GB RAM ထည့်သွင်းထားပါသည်။ 200GB အထိ ၀င်ဆန့်သော microSD Card အသုံးပြုနိုင်ပါသည်။
အနောက်ဘက်တွင် Phase Detection Autofocus နည်းပညာပါသော 23MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။ 3430mAh Battery ကို အသေတပ်ဆင်ထားပါသည်။ လက်ဗွေရာ စစ်ဆေးသည့် ကိရိယာ ပါရှိပါသည်။

Credit: