Saturday, April 30, 2016

“ LeEco မှ LeMax 2 အား RAM 6GB ဖြင့် ပြသ “

LeEco သည် LePhones သုံးမျိုးအားပြသသွားခဲ့ပြီး ကြီးမားသော screen နှင့် စွမ်းဆောင်ရည်မြင့်မားကြသည်။ LeMax 2 သည် 5.7" QHD (1440 x 2560 px) display ပါဝင်ပြီး Snapdragon 820 chipset အား သုံးစွဲ ထားကာ အထူးမြင့်မားသော RAM ပမာဏ 6GB ဖြင့် ထောက်ပံ့ပေးထားသည်။ Android 6.0 Marshmallow အား EUI 5.5 ဖြင့် သုံးထားသည်။
Storage အား 32GB နှင့် 64GB ရွေးချယ်နိုင်ပြီး 32GB အတွက် RAM 4GB သာ ပါဝင်မည်ဖြစ်သည်။ အဓိက ကင်မရာမှာ 21MP ဖြစ်ပြီး IMX 230 sensor, optical image stabilization, f/2.0 aperture နှင့် phase detection AF တို့ ပါဝင်သည်။ ရှေ့ဘက်တွင် 8MP selfie ကင်မရာပါဝင်သည်။ LeMax 2 သည် Qualcomm Ultrasonic Fingerprint sensor အား သုံးထားပြီး 3100mAh ဘက်ထရီနှင့် Quick Charge 3.0 နည်းပညာတို့ ပါဝင်သည်။ Connectivity အရ dual- SIM , 4G LTE, Wi-Fi ac , Bluetooth 4.1 USB Type-C တို့ ပါဝင် ထားသည်။
LeMax 2 အား 32GB/4GB အတွက် CNY 2100 (ဒေါ်လာ ၃၂၅ ၀န်းကျင်) ဈးသတ်မှတ်ထားပြီး 64GB/ 6GB အတွက် CNY 2500 (ဒေါ်လာ ၃၈၅ ၀န်းကျင်) သတ်မှတ်ကြောင်းသိရသည်။ LeMax 2 အပြင် LeEco Le 2 Pro နှင့် Le 2 တို့ကိုလည်း ထုတ်လုပ်ပေးခဲ့သည်။ Le 2 Pro နှင့် Le 2 တို့သည် 5.5" Full HD display များ ပါဝင်ကြပြီး MediaTek Helio x25 နှင့် x20 တို့ကို အသီးသီးသုံးစွဲကာ RAM 4GB နှင့် 3GB အသီးသီး ပါဝင်ကြသည်။ ဖုန်းနှစ်လုံးစလုံးအတွက် Android 6.0 နှင့် EUI 5.5 အား သုံးစွဲထားသည်။

Credit
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
www.nyilattun.com

0 comments:

Post a Comment