LG က ခေါက်လိပ်သယ်ဆောင်သွားနိုင်သော Rolly Keyboard ကို ရောင်းချခဲ့ဖူးပါသည်။ ယခုအခါ LG က Rolly Keyboard 2 ကို မိတ်ဆက်လိုက်ပါသည်။ ကီးဘုတ်အသစ်သည် ယခင်မျိုးဆက်ထက် ပိုမိုတိုးတက်ကောင်းမွန်လာပါသည်။
ပထမမျိုးဆက် ကီးဘုတ်တွင် Rows လေးခုသာပါရှိပြီး ယခု အသစ်တွင် Rows ငါးခု ပါရှိလာပါသည်။ ကီးဘုတ်အသစ်၏ အောက်ခြေတွင် ကီးဘုတ်ကို ဖွင့်ရလွယ်ကူစေရန် Tab တစ်ခု ထည့်သွင်းပေးထားပါသည်။ Bluetooth Keyboard ဖြစ်ပြီး Device သုံးခုအထိ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပါသည်။ ယခင်မျိုးဆက်တွင် Device နှစ်ခုသာ ချိတ်ဆက်နိုင်ပါသည်။
Rolly Keyboard 2 ကို ဒေါ်လာ ၁၁၀ သတ်မှတ်ထားပြီး တောင်ကိုရီးယားတွင် ရောင်းချပေးမည်ဖြစ်သည်။ အခြားနိုင်ငံများတွင် ရောင်းချမည့် သတင်းကို မသိရသေးပါ။

Credit: