Friday, December 29, 2017

ကွန်ပျူတာမှာ Driver ပြဿနာဖြေရှင်းမယ်


Driver ပြဿနာဖြေရှင်းပေးမည့်ကောင်လေးကတော့ DriverEasy လို့နာမည်ရတဲ့ ဆော့ဝဲလ်လေးပါပဲ။ ခုနောက်ပိုင်းဝယ်သုံးတဲ့ ကွန်ပျူတာတွေဟာ မော်ဒယ်တွေမြင့်လာပါတယ်။ မော်ဒယ်တွေမြင့်လာတဲ့အခါကောင်းကျိုးတွေတော့အများကြီးရှိမှာပါ။ ဘာကောင်းကျိုးတွေလဲတော့သိဘူး ဟီး
ဆိုးတာတွေကိုပြောရရင်တော့ Windows 10 64bitကိုအသုံးပြုမှ ရပါမယ် တခြားမိမိနှစ်သက်ရာအသုံးပြုလို့မရတဲ့ကွန်ပျူတာတွေက ၈၀%ပါ။ တခြားWindowsသုံးလို့ရပါတယ်ဆိုတဲ့ကွန်ပျူတာတွေကြတော့လည်း အမှန်တကယ်တိုင်ပါတ်ကြတာ Driver ကိစ္စပါပဲ။ ဘယ်လောက်ထိတိုင်ပါတ်လဲ ခက်ခဲလဲဆိုတာ ကြုံဖူးတဲ့သူတွေအသိပါ ဆရာတွေကိုမပြောပါဘူး :-P ကွန်ပျူတာ Driver တွေစုံခဲ့ပြီဆိုရင်တောင် မိမိစက်နဲ့ မကိုက်ညီတဲ့ ဖုန်းDriverတွေကြောင့် ဖုန်းနဲ့တွဲဖို့ခေါင်းကိုက်ကြရပြန်ပါတယ်။ အဲ့ဒီလိုကိစ္စတွေအတွက် ခေါင်းခဲနေရတဲ့မိတ်ဆွေတွေအတွက် အထူးလက်ဆောင်ပါ။စကားကြောရှည်တယ်တော့မထင်ပါနဲ့ ဆက်ပြောပါအုံးမယ် :-P
ယခုဆော့ဝဲလ်ရဲ့နာမည်က DriverEasy ပါ ဘယ်လိုတွေအလုပ်လုပ်သလဲဆိုလျှင် မိမိရဲ့ကွန်ပျူတာမှာ လိုအပ်နေတဲ့ Driver မှန်သမျှကို စက်နဲ့ကိုက်ညီမှု့အရှိဆုံးDriverကို အွန်လိုင်းကနေ တိုက်ရိုက်ရှာပြီး ဒေါင်းပေးနိုင်တာကြောင့် ကိုယ်ကပင်ပင်ပန်းပန်းလိုက်ရှာနေစရာမလိုတော့သလို့ Windows အသစ်တင်ပြီးတိုင်းလဲလိုက်စရှာစရာမလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ခါဒေါင်းပြီးတာနဲ့ အဲ့ဒီ Driver File ကိုမိမိရဲ့ HDDထဲမှာ ထည့်သိမ်းထားခြင်းဖြစ် အစဉ်အမြဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဗားရှင်းကတော့ နောက်ဆုံးဗားရှင်းမဟုတ်ပါဘူး Old Version ပါပဲ။ ဒါပေမဲ့ အစဉ်ပြေပြေအသုံးပြုနိုင်မှာဖြစ်ပါတယ်။Full Version ပါ။ Install ပြုလုပ်နည်းနဲ့ KeyGen ထည့်သွင်းနည်းကို ဗွီဒီယိုဖိုင်နဲ့ပြပေးထားပါတယ်။ အသုံးပြုနည်းကို ပုံတွေနဲ့ပြပေးထားပါတယ်။ ကွန်ပျူတာအသုံးပြုသူတွေအတွက် ယခုလက်ရှိမလိုအပ်သေးရင်တောင် တစ်နေ့တစ်ချိန်မှာ အသုံးဝင်လာမှာဖြစ်တာကြောင့် ဒေါင်းပြီးသိမ်ထားသင့်ပါတယ် File Size လည်းအများကြီးမဟုတ်ပါဘူး 5.71MB ထဲပါ။

Download Link 1
https://drive.google.com/file/d/1pC2Q5WjUZRyy7YkqrHU1VSRI6LFAHPB9/view?usp=sharing

Download Link 2
https://my.pcloud.com/publink/show?code=XZ5RUF7Z2wPT0yp3mqHrmcpvYcnsOm5zCtBX

Install ပြုလုပ်နည်း


         

Install ပြုလုပ်နည်းဒေါင်းယူချင်သူများအတွက် youtube Link

အသုံးပြုနည်း






  

အစဉ်ပြေတယ်ဆိုရင်   ဒီနေရာ   ကိုနိပ်၍FB Page လေးကို Like သွားပေးပါ........ကျေးဇူးတင်ပါသည်။

အားလုံးအဆင်ပြေပါစေ။



0 comments:

Post a Comment