Sunday, February 19, 2017

MTK ဖုန်းများကို အလွယ်ကူဆုံး IMEI ပြန်းရေးပေးနိုင်တဲ့ ဆော့ဝဲ


ဖုန်းတိုင်းမှာ IMEI နံပါတ်ဆိုတာပါပြီးသားပါ။ မပါတဲ့ဖုန်းရယ်လို့မရှိပါဘူး။ အဲဒါကိုလဲ ခလေးကအစသိပါတယ်။ အဲဒီ IMEI နံပါတ်တွေမရှိတော့ဘူး ( or ) error တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် အဲဒီဖုန်းဟာ ဘာတွေဖြစ်သွားမလဲ.?
ဆားဗစ်သမားများ အသိဆုံးဖြစ်မှာပါ။သို့ပေမဲ့ ရိုးရိုးသာမန်ဖုန်းအသုံးပြုသူတွေ မသိသေးတဲ့သူတွေကို ရည်ရွယ်ပြီးလျှာနဲနဲတော့ရှည်ပါရစေ :-D :-D :-D
IMEI အကြောင်းတော့ သိထားတာတွေအကုန်မပြောပြတော့ဘူး စာအရမ်းရှည်သွားမှာစိုးလို့။ အဲဒီerrorဖြစ်ပီဆိုရင် ဘာတွေဖြစ်နိုင်လဲဆိုတာ မသိသေးသူအတွက် နဲနဲရှင်းပြပါ့မယ်။ အဲဒါမရှိတော့ရင် ဖုန်းမှာ SIM Card လိုင်းမတက်တော့တာတို့ SIM လုံးဝမသိတော့တာတို့
နောက်ပြီး SIM လိုင်းတက်သော်လဲ 3G မရတော့တာတို့ Netword ပိုင်းမှာ ပြဿနာပေးတက်ပါတယ်။ အဲဒါကြောင့် မိမိဖုန်းမှာ အဲလိုပြဿနာမျိုးကြုံကြရတဲ့ အသုံးပြုသူတွေအတွက် အရင်ဆုံးမိမိရဲ့ ဖုန်းကို IMEI ရှိမရှိအရင်စစ်ဆေးသင့်ပါတယ်။ စစ်ဆေးတဲ့ Code ကိုလဲ အားလုံးသိပြီးသားပါ။
*#06# ပါ IMEI မှာပြဿနာမရှိဘူး ပုံမှန်အတိုင်းပဲဆိုရင်တော့ ဆားဗစ်ဆိုင်ကိုသာပြေးတော့ပေါ့ ခ်ခ်။
ဘာလို့လဲဆိုတော့ အဲလို Netword ပိုင်းဆိုင်ရာ ပြဿနာတွေက တခြားအကြောင်းရင်တွေကြောင့်လဲ ဖြစ်နိုင်တယ်လေ။ ဥပမာ - SIM အထိုင်မကောင်းလို့ SIM မသိတာမျိုးပေါ့ နောက်ပြီး အကြောင့်အမျိုးမျိုးကြောင့်ပေါ့။
ထားလိုက်ပါလေတွေရှည်ကုန်ပီ IMEI Error ဆိုရင် ဒီဆော့ဝဲနဲ့ဖြေရှင်းပေါ့ အလွယ်ကူဆုံးပဲ။ သို့ပေမဲ့ MTK အတွက်ပဲနော် ဖုန်းမှာ Root ရှိနေဖို့လဲလိုအပ်ပါတယ်။
အသုံးပြုရအရမ်းလွယ်ပေမဲ့ သိချင်ရင်တော့ အသုံးပြုနည်းအောက်မှာကြည့်သွားပေါ့ ပုံနှင့်တကွ ရှင်းပြထားပေးတယ်။

ဆော့ဝဲလ်အသုံးပြုပုံ



ဆော့ဝဲလ်အား install ပြုလုပ်ပြီးပါက ဆော့ဝဲလ်အားဖွင့်ပါ။ ဖုန်းမှာ Root ရှိထားဖို့တော့လိုအပ်ပါတယ်


ဆော့ဝဲလ်ကို ဖွင့်လိုက်လျှင် Root တောင်းလာပါက Allow ကိုနိပ်ပါ



ပြထားတဲ့ပုံမှာ 1 နဲ့ 2 နေရာမှာ ကြိုက်တဲ့ IMEI နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ အရင်နံပါတ်အတိုင်းပြန်သုံးချင်ရင်တော့ ဖုန်းအနောက်က ဘက်ထရီကိုဖြုတ် ပြီးရင် ဖုန်းမော်ဒယ်နံပါတ်ရဲ့ အောက်ဘက်မှာပါတဲ့ IMEI နံပါတ်ကို အရင်ကူရေးထားပြီးမှ ဆော့ဝဲလ်မှာပြန်ထည့်ပေါ့ ကြိုက်တာထည့်ရတယ်။ပြီးရင် 3 ပြထားတဲ့နေရာ
Apply new IMEIs ကိုနိပ်


ပြီးရင် Change ကိုနိပ်


အဲလိုပေါ်လာရင်


Power Key ကိုကိုဖိပြီး Restart လုပ်ပေးလိုက်။ ပါဝါပြန်တက်လာရင် ok ပါပြီ။

  
ဆော့ဝဲအားဒီမှာဒေါင်းပါ
https://drive.google.com/file/d/0Bz28RoJN2s5hcGw4Umx3R0JiVHc/view?usp=sharing


အားလုံးအဆင်ပြေပါစေ။

0 comments:

Post a Comment