This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, August 31, 2015

Huawei ဖုန်းမော်ဒယ် တွေမှန်သမျှ Firmware တွေ စိတ်ကြိုက်ဒေါင်းနိုင်မဲ့ Application Tool ဖြစ်ပါတယ်



ညီငယ်တယောက်တောင်းထားလို့ Huawei Firmware တွေ ဒေါင်းလို့ရမဲ့ ဆော့ဝဲလေးတင်ပေးလိုက်တာပါ။  အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ် ထဲမှာပဲ လိုချင်တဲ့ ဖုန်း မော်ဒယ်နံပါတ်ကို Search ဘောက်မှာရိုက်ရှာရုံနဲံ  လိုချင်တဲ့ Frimware တွေကို စိတ်ကြိုက်ဒေါင်းနိုင်မှာဖြစ်ပါတယ်။ Google Browser ကနေရှာစရာမလိုပဲ  အဆင်ပြေပြေ ဒီ Application ကနေ ဒေါင်းနိုင်မှာဖြစ်ပါတယ်။ ဆော့ဝဲကိုအောက်ကလင့်မှာ ဒေါင်းယူပြီး  ပုံနှင့်တကွ Frimware ဒေါင်းနည်းကို သေခြာရှင်းပြထားပါတယ်။
အားလုံးအဆင်ပြေပါစေ။

Download Now

Firmware ဒေါင်းနည်းကို ပုံနှင့်တကွ ရှင်းပြထားပါတယ်။



Saturday, August 29, 2015

ဖုန်း Hardware ပိုင်းစတင်လေ့လာသူတွေ၏ အခြေခံပိုင်းကျကျ ရှင်းပြထားသောစာအုပ်ပါ။



အခုတင်ပေးလိုက်တဲ့ စာအုပ်က ဖုန်း Hardware ပိုင်းစတင်လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် အခြေခံပိုင်းကို တိကျရှင်းလင်းစွာရေးပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဖုန်းတလုံး Hardware တခုခု ချို့ယွင်း ၍ မီးမလာတာဖြစ်စေ ပစ္စည်းလဲခြင်း၊ IC အစရှိတဲ့ အပိုင်းတွေကို သေသေခြာခြာ ရှင်းပြထားပြီး အခြေခံပိုင်းကောင်းကောင်း နားလည်အောင် သေခြာရှင်းပြထားပါတယ်။

ယခုလက်ရှိ ကျနော့်သင်တန်းသားတွေကို အခြေခံပိုင်း အရင်ဆုံးနားလည်အောင် ယခုလို စာတွေ့ နှင့် အရင်ဆုံး ရှင်းပြရပါတယ်။ စာအုပ်ဖတ်ပြီး အခြေခံပိုင်း ကောင်းကောင်းနားလည်မှ လက်တွေ့ပိုင်း စတင် လေ့လာရပါတယ်။ Hardware စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအတွက် အမှန်တကယ် အသုံးဝင်စေမဲ့ စာအုပ်ဖြစ်ပါတယ်။ စတင်လေ့လာသူတွေအတွက် ဆားကစ်ပြာရဲ့ဖွဲ့စည်းပုံ တွေ ပါဝင်ပါတယ်။ အပိုင်း (၂) ပိုင်း ခွဲထားပေးပါတယ်။ 

အခုအပိုင်း (၁) ကိုအရင်တင်ပေးလိုက်ပါတယ်။ အပိုင်း (၂) ကို ဆက်လက်ရေးသားနေပါတယ်။ ပြီးတာနဲ့ ဆက်လက်တင်ပေးပါမယ်။ ယခုနည်းလမ်းကို လေ့လာရုံနှင့် အခြေခံအပိုင်း တော်တော်လေးနားလည် သွားမှာ ဖြစ်ပါ တယ်။ နောက်ပိုင်း ဆက်လက်တင်ပေးသွားမှာဖြစ်ပါတယ်။
Hardware ပိုင်း စိတ်ဝင်စားသူတွေအတွက် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

Download Now
Download နည်းမသိသူတွေအတွက်အောက်ကပံမှာကြည့်ဒေါင်းပါ


 

Monday, August 24, 2015

CDMA MEC + GSM ဆင်းနှစ်ကတ်တွဲဖုန်းကို GSM + GSM ဖုန်းဖြစ်အောင် အသုံးပြုနိုင်တဲ့ နည်းလမ်းလေးပါ။



CDMA MEC ဖုန်းတွေကို GSM နှစ်ကတ်တွဲသုံးနိုင်တဲ့ နည်းလေးဖြစ်ပါတယ်။ ဥပမာ MEC SIM တွေ လိုင်းမတဲ့နေရာ GSM Card ဖြစ်တဲ့ MPT, Telenor, ပဲလိုင်းရလို့ နှစ်ခုသုံးချင်ရင် ဖုန်းကလည်း MEC CDMA ဖုန်းဖြစ်နေတော့ အဆင်မပြေတဲ့ သူတွေအတွက် အဓိကရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ တကယ် စမ်းသပ်  ထားတဲ့နည်း အမှန်တကယ်အဆင်ပြေပါတယ်။ 

အောက်မှာ ကျနော်တင်ထားပေး တဲ့ ဆော့ဝဲလ်ကို ဒေါင်းပြီး ရေးထားတဲ့နည်း အတိုင်း လိုက်လုပ်ရုံပါပဲ၊ စိတ်ဝင်စားသူလိုက်လုပ်နိုင်ပါတယ်။ ကျနော်တင်ပေးထားတဲ့ ဖုန်းဆော့ဝဲလ် ကို ဒီလင့် (Link1, Link2) ကနေ၀င်ဒေါင်း လိုက်ပါ။
ပြီးရင် ဖုန်းမှာ Install လိုက်ပါ။ ဖုန်းကို ပိတ်ပြီး CDMA MEC ကတ်နေရာမှာ GSM Card ဖြစ်တဲ့ MPT သို့မဟုတ် Telenor Card ကိုပြောင်းထည့်လိုက်ပါ။ ဆော့ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံကို ကြည့်ပြီးလိုက်လုပ်ပါ။


အဲလိုလုပ်ပြီးလို့ ဖုန်းလိုင်းမတက်ရင် ဖုန်းကို Restart ချလိုက်ပါ။ Restart ချပြီးလို့ ဖုန်းပြန်တက်လာရင် GSM နှစ်ကတ် သုံးရပါပြီ အောက်က ပုံကိုကြည့်လိုက်ပါ။


တခုရှိတာက ဖုန်းကို Call တော့မယ်ဆို အောက်ကပုံကိုကြည့်လိုက်ပါ။ Call Local ကိုအစက်ပေးပြီး Call ကိုနိပ်ပြီး ဖုန်းခေါ်ရုံပါပဲ။ အားလုံးအဆင်ပြေပါတယ်။


လက်တွေ့စမ်းသပ်ထားတဲ့နည်းမို့ အမှန်တကယ်အသုံးပြုလို့ရပါတယ်။ အားလုံးအဆင်ပြေပါစေ။


Thursday, July 30, 2015

Internet Broser တွေထဲမှာ အားလုံးထက် %100% လောက်မြန်ဆန်တဲ့-Maxthon Web Browser - Fast v4.5.0.2000 Apk

Android OS ဖုန်း နှင့် Tablet တွေမှာ အမိုက်စား Application Browser  ဖြစ်တဲ့
Internet Broser တွေထဲမှာ အားလုံးထက် %100%aလာက်မြန်ဆန်တဲ့ Maxthon Browser လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ တကယ်လည်းအသုံးပြုကြည့်ပါမှ အရမ်းကောင်းမှန်သတိထားမိတယ်ဗျာ။ ဟိုတုန်းကတော့ ဒီဆော့ဝဲဟာကွန်ပျူတာမှာသာအသုံးပြုလို့ရတာပါ အခုတော့Apk လေးပါထပ်ထွက်လာတော့ ဖုန်းမှာအသုံးပြုလိုတဲ့ဘော်ဒါတွေအတွက်လည်း ပိုလို့အဆင်ပြေသွားတာပေါ့ ဒီဗားရှင်းမှာဆိုရင်တော့ Featureအသစ်တွေနဲ့မိမိထင်ထားတာထက်ကိုပိုအသုံးပြုကောင်းနေတာပါ။
 မိမိဖုန်းမှာ အင်တာနက်အသုံးပြုဖို့ တစ်ခြား Browser တွေထက်%100% လောက်မြန်ဆန်တဲ့ ဆော့ဝဲလေးကို အသုံးပြုလိုတယ်ဆိုရင်တော့ ဒီ Maxthon Browser Apk လေးကိုအသုံးပြုကြည့်လိုက်ပါလို့ အကြုံပြုပါရစေ။

download


အားလုံးအဆင်ပြေပါစေ။

Wednesday, July 29, 2015

Samsung Phone များအတုနဲ့အစစ်ဘယ်လိုခွဲမလည်း


  ကျွန်တော်တို့တွေဟာ ဖုန်းတစ်လုံးကိုဝယ်တဲ့အခါမှာ တန်ဖိုးကြီးကြီးနဲ့ဈေးပေးရပြီးစစ်မှန်တဲ့ဖုန်းတော့ကိုင်ချင်ကျတာအမှန်ပါ
အဲ့လိုပေးဝယ်ရပေမယ့်မိမိလက်ထဲရောက်လာတဲ့ဖုန်းဟာအတုကြီးဖြစ်နေခဲ့ရင်တော့ စိတ်မချမ်းသာစရာပါ ခုဆိုရင် ကမ္ဘာ့ မိုဘိုင်းလောကရဲ့ ဆရာတစ်စူဖြစ်နေပြီး ဈေးကွက်ဝေစု အများအပြားကိုင်ရထားတဲ့ Samsung ဖုန်းဟာဆိုရင်လည်း Copy ကူးခံရပြီးဈေးကွက်ထဲဝင်ရောက်နေတာ အများကြီးပါ အခေါ်အဝေါ်ကတော့ Clone Samsung ဖုန်းပါ မူရင်းပုံစံနဲ့အင်မတန်မှတူပါတယ်ခင်ဗျာ သာမန်အသုံးပြုသူတစ်ယောက်အနေနဲ့တော့ ခွဲခြားလို့မရနိုင်လောက်အောင်တူပါတယ် ခုပြောပြမှာက ဘယ်လိုပဲခွဲခြားမရပါဖူးပြောပေမယ့်လည်း အတုဟာအတုပါပဲ ဆိုတာကို သိသလောက်ဝေမျှပါရစေ

ပုံထဲကတော့ Samsung Clone phone ( အတု) ရဲ့ ပုံစံကိုအကြမ်းမျဉ်းရေးပြထားတာပါ
တစ်- မှန်သားပြင်ကိုပွတ်ကြည့်ပါ အနည်းငယ်ထူသယောင်ရှိပါတယ်
နှစ်- မှန်သားပြင်ဟာ ဖုန်းနံရံနဲ့ကွာဝေးတတ်ပါတယ်
သုံး- Screen တောက်ပါ့မှုဟာ Display lighting ဘယ်လောက်မြှင့်မြှင့် အနည်းငယ် ဖွေးသွားတာကလွဲလို့ စိုပြီးတက်မလာပါ
လေး- Sensor မီးဟာ တချို့မှာလုံးဝမပါသလို ပါသော်လည်း ကြီးတတ်ပါတယ်
ငါး- Home Key ဟာ မှန်နဲ့ဝေးကွာတတ်ပြီး အနည်းငယ်ကြီးပါတယ်
ခြောက်- Samsung စာတန်းကိုပွတ်ကြည့်ပါက အနည်းငယ်ကြမ်းပြီး တခါတစ်ရံရှတတ ဖြစ်တတ်ပါတယ်
ခုနစ်- ဖုန်းကို စတင်ပြီးကိုင်ကြည့်ပါ အနည်းငယ်ပိုလေးပါတယ် နောက်ကာဗာသည် အများအားဖြင့်ပိုပြီးထူတတ်ပါတယ်
ရှစ်- အပေါင်းအနုတ် ( အသံအတိုးအကျယ်ခလုပ်များ) ဟာ ဖုန်းဘော်ဒီနဲ့ အတိအကျမဖြစ်ပဲ အနည်းငယ်ချောင်နေတတ်ပါတယ် အဟ လည်းကြီးပါတယ်
ကိုး- အသံအတိုးအကျယ် / ပါဝါခလုပ် / Menu Key တွေဟာ ပုံမှန်ထပ် အနည်းငယ်အပြင်ကို ပိုထွက်ပါတယ်
ဒါတွေကတော့ အတုဖုန်းရဲ့ ပါဝါမဖွင့်မှီမြင်တွေ့ ရတဲ့အပိုင်းပါ ဆက်လက်ပြီး ပါဝါဖွင့်ကြည့်ကျပါမယ်ခင်ဗျာ
ပါဝါဖွင့်စအသံကိုသေချာနားထောင်ပါ ဖုန်းပါဝါတက်လာတဲ့အသံဟာ အနည်းငယ်ပိုကျယ်ပြီး အသံပြဲပါတယ် ပါဝါတက်တာမြန်ပါတယ် အစစ်ထပ် ၀.၄၅ ဆ ပိုမြန်ပိုတယ်
ရှေ့ကင်မရာကို မိမိ ဘက်ကိုဖြစ်နိုင်ရင် Selfie တစ်ပုံလောက်အရင်ရိုက်ကြည့်ပါ ပုံထွက်သည် အနီရောင်များပါတယ်
နောက်ကင်မရာနဲ့တစ်ပုံလောက် Zooming အကုန်နဲ့ရိုက်ကြည့်လိုက်ပါတစ်ပုံလောက် အင်မတန်မှ အဖြူရောင်များတဲ့ ပုံထွက်ကိုရပါလိမ့်မယ်ခင်ဗျာ
ကောင်းပါပြီ ဒါတွေကတော့ သာမန် အသုံးပြုသူများအလွယ်လုပ်နိုင်မယ့်အရာတွေပါ သူ့ထပ်နည်းနည်းဆရာကျကြည့်ရအောင်ခင်ဗျာ
Setting ထဲကိုဝင်လိုက်ပါ ဆက်လက်ပြီး Device ကိုဆက်သွားပါ
Setting>> Device >> Display >> Font Style နဲ့ Font Size အထက်အောက်ပါရပါမယ်
တချို့ဖုန်းများတွင်
Setting >> Display >> Font Style နဲ့ Font Size ဟူ၍ပါတတ်ပါသည်
ထိုသို့မပါသောဖုန်းသည် အတုပါ တနည်းဆိုရသော် Font Size ဟုတစ်ခုထဲသာရေးထားသောဖုန်းပါ Font style ဟုရေးထားသောစာမပါသောဖုန်းသည် အတုပါ
Samsung phone အစစ်များရဲ့ Setting တွင် Developer Options ကိုဖျောက်ထားတတ်ပါသည် မိမိကိုယ်တိုင်သာပြန်ဖော်ရတတ်ပါသည် အတုများတွင် တခါထဲဖော်ပြထားတတ်ပါသည် ထိုအရာကိုကြည့်ရန် Setting ကိုသွားပါ
Setting>> My Device >> ------>> About Advice ရဲ့ အပေါ် မှာပါ
တချို့တွင်
Setting >> More >> အောက်ဆုံးထိကိုဆင်းသွားပါ About Device ရဲ့အပေါ်မှာပါ
နောက်ထပ်အတိအကျဆုံးနဲ့ အမှန်ကန်ဆုံးဖြေထုပ်ပေးမယ့်နည်းကတော့ ကွန်ပျူတာတွင် Samsung ရဲ့ Driver ဖြစ်တဲ့ Samsung Kies ကို Install လုပ်ထားပါ ပြီးတဲ့အခါ မိမိဝယ်ယူထားတဲ့ Samsung Phone နဲ့ချိတ်ဆက်လိုက်ပါ ကွန်ပျူတာကတန်းသိသွားတယ်ဆိုရင်တော့ 100% Samsung အစစ်ပါ
နောက်ဆုံးအနေနဲ့ကတော့ ကွန်ပျူတာကလည်းအနားမှာမရှိ မိမိကလည်းသိပ်မကျွမ်းကျင် မဝယ်မဖြစ်လည်းဝယ်ရတော့မယ် ဘယ်လိုစမ်းရမှန်းမသိတော့ဖူးဆိုရင်တော့ ဒီအောက်က ဂဏာန်းကိုနိပ်ပြီးဖုန်းခေါ်လိုက်ပါ ဖုန်းပါဝါပိတ်တာကိုသေချာကြည့်နေပါ Samsung Logo နဲ့ မပိတ်ပဲ စက်ရုပ်ပုံနဲ့ပိတ်သွားပါလိမ့်မယ်ခင်ဗျာ
*#0066# နိပ်ပြီး Call လိုက်ပါ
သူငယ်ချင်းများဒီလောက်ဆို Samsung Phone ဝယ်ယူတော့မယ်ဆိုရင် အဖြစ်နိုင်ဆုံးကတော့ မိမိသူငယ်ချင်းထဲက Samsung Phone ကိုင်နေသူကိုခေါ်ပြီးတော့သွားဝယ်စေချင်ပါတယ် အပေါ်ကစာတွေကိုသေချာနားလည်တယ်ဆိုရင်လည်းမိမိဟာအမှားနည်းစွာနဲ့ အတုအစစ်ခွဲခြားနိုင်မှာပါခင်ဗျာ

အားလုံးအဆင်ပြေပါစေ။

Tuesday, July 28, 2015

ဖုန်းနှင့်Tablet မှာ ခပ်မြန်မြန် Video ဒေါင်းလုပ်ဆွဲမယ်-SnapTube Facebook VidDownload v2.2.1.8038 Apk

Android ဖုန်း နှင့် Tablet တွေသုံးထားသောဘော်ဒါတို့အတွက် Facebook ကနေပြီး ဗွီဒီယိုများကို ခပ်မြန်မြန်ဒေါင်းလုပ်ဆွဲနိုင်တဲ့ Android Application ဖြစ်ပါတယ်။ ဒီကောင်လေး၏ ဒေါင်းလုပ်ဆွဲ သုံးပုံစံကတော့


STEP ( 1 )Login your Facebook account.

STEP( 2) Tap the download button on the Facebook video.

 နိုပ်ပြီး ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။


နောက်ပြီးတော့

  Download any videos from Facebook

- Download videos uploaded by you or your Facebook friends;

- Download videos in Facebook groups;

- Download videos from any Facebook pages. နေရာများမှ ကောင်းကောင်း ဒေါင်းလုပ်ကို ခပ်မြန်မြန်ဆွဲနိုင်ပါတယ်။


အသုံးပြုလိုသူများကတော့ Android OS 2.1 အထက်ရှိဖုန်းများအသုံးပြုနိုင်ပြီး size လေးကတော့ 2.6MB ဖြစ်ပါတယ် ။





 Download Here

အားလုံးအဆင်ပြေပါစေ။

WakeVoice - vocal alarm clock v6.0.3 Apk

ဖုန်းကိုင်းဆောင်သူများအတွက်ကတော့ ဒီကောင်လေးကတော့ လန်းချက်ကတော့ လန်းထွက်နေတာပဲ့ဗျာ။အိပ်ရာထမှာမနိုးဖြစ်နေတယ်သူများအတွက် ကိုင်းဆောင်ထားတဲ့ဖုန်းလေးနှင့်Voiceလေးပေးပြီးအိပ်ရာပေါ်ထအောင်းလုပ်ပေးနိုင်တဲ့ ကောင်လေးဗျာ။ဘော်တော်တို့အနေနဲ့အလုပ်လုပ်ပြီးပင်းပန်းနေတယ်။

နောက်တစ်ရက်မထချင်းဘူးဖြစ်နေတယ်ဆိုရင် ဒီ apk လေးအသံလေးပေးပြီး နောက်ရက်တွေကိုလည်း အဆင်ပြေစွာဖြစ်လုပ်နိုင်ပါတယ်နော်။ဒါကြောင့်ဒီကောင်လေးကိုသုံးထားသင်တယ်လိုထင်ပါတယ်။ 



Download Here

အားလုံးအဆင်ပြေပါစေ။