Wednesday, July 29, 2015

Samsung Phone များအတုနဲ့အစစ်ဘယ်လိုခွဲမလည်း


  ကျွန်တော်တို့တွေဟာ ဖုန်းတစ်လုံးကိုဝယ်တဲ့အခါမှာ တန်ဖိုးကြီးကြီးနဲ့ဈေးပေးရပြီးစစ်မှန်တဲ့ဖုန်းတော့ကိုင်ချင်ကျတာအမှန်ပါ
အဲ့လိုပေးဝယ်ရပေမယ့်မိမိလက်ထဲရောက်လာတဲ့ဖုန်းဟာအတုကြီးဖြစ်နေခဲ့ရင်တော့ စိတ်မချမ်းသာစရာပါ ခုဆိုရင် ကမ္ဘာ့ မိုဘိုင်းလောကရဲ့ ဆရာတစ်စူဖြစ်နေပြီး ဈေးကွက်ဝေစု အများအပြားကိုင်ရထားတဲ့ Samsung ဖုန်းဟာဆိုရင်လည်း Copy ကူးခံရပြီးဈေးကွက်ထဲဝင်ရောက်နေတာ အများကြီးပါ အခေါ်အဝေါ်ကတော့ Clone Samsung ဖုန်းပါ မူရင်းပုံစံနဲ့အင်မတန်မှတူပါတယ်ခင်ဗျာ သာမန်အသုံးပြုသူတစ်ယောက်အနေနဲ့တော့ ခွဲခြားလို့မရနိုင်လောက်အောင်တူပါတယ် ခုပြောပြမှာက ဘယ်လိုပဲခွဲခြားမရပါဖူးပြောပေမယ့်လည်း အတုဟာအတုပါပဲ ဆိုတာကို သိသလောက်ဝေမျှပါရစေ

ပုံထဲကတော့ Samsung Clone phone ( အတု) ရဲ့ ပုံစံကိုအကြမ်းမျဉ်းရေးပြထားတာပါ
တစ်- မှန်သားပြင်ကိုပွတ်ကြည့်ပါ အနည်းငယ်ထူသယောင်ရှိပါတယ်
နှစ်- မှန်သားပြင်ဟာ ဖုန်းနံရံနဲ့ကွာဝေးတတ်ပါတယ်
သုံး- Screen တောက်ပါ့မှုဟာ Display lighting ဘယ်လောက်မြှင့်မြှင့် အနည်းငယ် ဖွေးသွားတာကလွဲလို့ စိုပြီးတက်မလာပါ
လေး- Sensor မီးဟာ တချို့မှာလုံးဝမပါသလို ပါသော်လည်း ကြီးတတ်ပါတယ်
ငါး- Home Key ဟာ မှန်နဲ့ဝေးကွာတတ်ပြီး အနည်းငယ်ကြီးပါတယ်
ခြောက်- Samsung စာတန်းကိုပွတ်ကြည့်ပါက အနည်းငယ်ကြမ်းပြီး တခါတစ်ရံရှတတ ဖြစ်တတ်ပါတယ်
ခုနစ်- ဖုန်းကို စတင်ပြီးကိုင်ကြည့်ပါ အနည်းငယ်ပိုလေးပါတယ် နောက်ကာဗာသည် အများအားဖြင့်ပိုပြီးထူတတ်ပါတယ်
ရှစ်- အပေါင်းအနုတ် ( အသံအတိုးအကျယ်ခလုပ်များ) ဟာ ဖုန်းဘော်ဒီနဲ့ အတိအကျမဖြစ်ပဲ အနည်းငယ်ချောင်နေတတ်ပါတယ် အဟ လည်းကြီးပါတယ်
ကိုး- အသံအတိုးအကျယ် / ပါဝါခလုပ် / Menu Key တွေဟာ ပုံမှန်ထပ် အနည်းငယ်အပြင်ကို ပိုထွက်ပါတယ်
ဒါတွေကတော့ အတုဖုန်းရဲ့ ပါဝါမဖွင့်မှီမြင်တွေ့ ရတဲ့အပိုင်းပါ ဆက်လက်ပြီး ပါဝါဖွင့်ကြည့်ကျပါမယ်ခင်ဗျာ
ပါဝါဖွင့်စအသံကိုသေချာနားထောင်ပါ ဖုန်းပါဝါတက်လာတဲ့အသံဟာ အနည်းငယ်ပိုကျယ်ပြီး အသံပြဲပါတယ် ပါဝါတက်တာမြန်ပါတယ် အစစ်ထပ် ၀.၄၅ ဆ ပိုမြန်ပိုတယ်
ရှေ့ကင်မရာကို မိမိ ဘက်ကိုဖြစ်နိုင်ရင် Selfie တစ်ပုံလောက်အရင်ရိုက်ကြည့်ပါ ပုံထွက်သည် အနီရောင်များပါတယ်
နောက်ကင်မရာနဲ့တစ်ပုံလောက် Zooming အကုန်နဲ့ရိုက်ကြည့်လိုက်ပါတစ်ပုံလောက် အင်မတန်မှ အဖြူရောင်များတဲ့ ပုံထွက်ကိုရပါလိမ့်မယ်ခင်ဗျာ
ကောင်းပါပြီ ဒါတွေကတော့ သာမန် အသုံးပြုသူများအလွယ်လုပ်နိုင်မယ့်အရာတွေပါ သူ့ထပ်နည်းနည်းဆရာကျကြည့်ရအောင်ခင်ဗျာ
Setting ထဲကိုဝင်လိုက်ပါ ဆက်လက်ပြီး Device ကိုဆက်သွားပါ
Setting>> Device >> Display >> Font Style နဲ့ Font Size အထက်အောက်ပါရပါမယ်
တချို့ဖုန်းများတွင်
Setting >> Display >> Font Style နဲ့ Font Size ဟူ၍ပါတတ်ပါသည်
ထိုသို့မပါသောဖုန်းသည် အတုပါ တနည်းဆိုရသော် Font Size ဟုတစ်ခုထဲသာရေးထားသောဖုန်းပါ Font style ဟုရေးထားသောစာမပါသောဖုန်းသည် အတုပါ
Samsung phone အစစ်များရဲ့ Setting တွင် Developer Options ကိုဖျောက်ထားတတ်ပါသည် မိမိကိုယ်တိုင်သာပြန်ဖော်ရတတ်ပါသည် အတုများတွင် တခါထဲဖော်ပြထားတတ်ပါသည် ထိုအရာကိုကြည့်ရန် Setting ကိုသွားပါ
Setting>> My Device >> ------>> About Advice ရဲ့ အပေါ် မှာပါ
တချို့တွင်
Setting >> More >> အောက်ဆုံးထိကိုဆင်းသွားပါ About Device ရဲ့အပေါ်မှာပါ
နောက်ထပ်အတိအကျဆုံးနဲ့ အမှန်ကန်ဆုံးဖြေထုပ်ပေးမယ့်နည်းကတော့ ကွန်ပျူတာတွင် Samsung ရဲ့ Driver ဖြစ်တဲ့ Samsung Kies ကို Install လုပ်ထားပါ ပြီးတဲ့အခါ မိမိဝယ်ယူထားတဲ့ Samsung Phone နဲ့ချိတ်ဆက်လိုက်ပါ ကွန်ပျူတာကတန်းသိသွားတယ်ဆိုရင်တော့ 100% Samsung အစစ်ပါ
နောက်ဆုံးအနေနဲ့ကတော့ ကွန်ပျူတာကလည်းအနားမှာမရှိ မိမိကလည်းသိပ်မကျွမ်းကျင် မဝယ်မဖြစ်လည်းဝယ်ရတော့မယ် ဘယ်လိုစမ်းရမှန်းမသိတော့ဖူးဆိုရင်တော့ ဒီအောက်က ဂဏာန်းကိုနိပ်ပြီးဖုန်းခေါ်လိုက်ပါ ဖုန်းပါဝါပိတ်တာကိုသေချာကြည့်နေပါ Samsung Logo နဲ့ မပိတ်ပဲ စက်ရုပ်ပုံနဲ့ပိတ်သွားပါလိမ့်မယ်ခင်ဗျာ
*#0066# နိပ်ပြီး Call လိုက်ပါ
သူငယ်ချင်းများဒီလောက်ဆို Samsung Phone ဝယ်ယူတော့မယ်ဆိုရင် အဖြစ်နိုင်ဆုံးကတော့ မိမိသူငယ်ချင်းထဲက Samsung Phone ကိုင်နေသူကိုခေါ်ပြီးတော့သွားဝယ်စေချင်ပါတယ် အပေါ်ကစာတွေကိုသေချာနားလည်တယ်ဆိုရင်လည်းမိမိဟာအမှားနည်းစွာနဲ့ အတုအစစ်ခွဲခြားနိုင်မှာပါခင်ဗျာ

အားလုံးအဆင်ပြေပါစေ။

Related Posts:

  • ဂိမ်းလေးဆော့ပြီး English Vocabulary တွေလေ့ကျင့်မယ်..  အခုတင်ပေးလိုက်တဲ့ Application ကတော့ English စာလေ့လာသူတွေ ဂိမ်းလေးဆော့ပြီး..မိမိရဲ့ စကားလုံးကြွယ်ဝလာအောင် လုပ်ပေးတဲ့ Android ဖုန်းတွေသုံး app တစ်ခုဖြစ်ပါတယ်.. ပျော်ပျော်ပါးပါး ဂိမ်းလေးဆော့ပြီးတော့ စာသင်ရမယ်ဆို… Read More
  • အင်္ဂလိပ်စာလေ့လာနေသူများအတွက် Side By Side English E-book and Audio အင်္ဂလိပ်စာလေ့လာနေသူများအတွက် Side By Side English E အခုတင်ပေးလိုက်တာကတော့ Side By Side Third Edition CD နှင့်တကွဖြစ်ပါတယ်..Student's Book နှင့် Work Book ကိုတစ်ခါတည်းထည့်ပေးထားတယ်...ဒီစာအုပ်ဟာလည်း ရန်ကုန်မြို့နှင့်တခြားသော… Read More
  • WakeVoice - vocal alarm clock v6.0.3 Apk ဖုန်းကိုင်းဆောင်သူများအတွက်ကတော့ ဒီကောင်လေးကတော့ လန်းချက်ကတော့ လန်းထွက်နေတာပဲ့ဗျာ။အိပ်ရာထမှာမနိုးဖြစ်နေတယ်သူများအတွက် ကိုင်းဆောင်ထားတဲ့ဖုန်းလေးနှင့်Voiceလေးပေးပြီးအိပ်ရာပေါ်ထအောင်းလုပ်ပေးနိုင်တဲ့ ကောင်လေးဗျာ။ဘော်တော်တို့အနေ… Read More
  • Samsung Phone များအတုနဲ့အစစ်ဘယ်လိုခွဲမလည်း   ကျွန်တော်တို့တွေဟာ ဖုန်းတစ်လုံးကိုဝယ်တဲ့အခါမှာ တန်ဖိုးကြီးကြီးနဲ့ဈေးပေးရပြီးစစ်မှန်တဲ့ဖုန်းတော့ကိုင်ချင်ကျတာအမှန်ပါ အဲ့လိုပေးဝယ်ရပေမယ့်မိမိလက်ထဲရောက်လာတဲ့ဖုန်းဟာအတုကြီးဖြစ်နေခဲ့ရင်တော့ စိတ်မချမ်းသာစရာပါ ခုဆိုရင် … Read More
  • ဖုန်းနှင့်Tablet မှာ ခပ်မြန်မြန် Video ဒေါင်းလုပ်ဆွဲမယ်-SnapTube Facebook VidDownload v2.2.1.8038 Apk Android ဖုန်း နှင့် Tablet တွေသုံးထားသောဘော်ဒါတို့အတွက် Facebook ကနေပြီး ဗွီဒီယိုများကို ခပ်မြန်မြန်ဒေါင်းလုပ်ဆွဲနိုင်တဲ့ Android Application ဖြစ်ပါတယ်။ ဒီကောင်လေး၏ ဒေါင်းလုပ်ဆွဲ သုံးပုံစံကတော့ STEP ( 1 )Login your Faceb… Read More

1 comment:

  1. ကျေးဇူးအထူးပါအစ်ကို

    ReplyDelete