Saturday, September 30, 2017

PM8110 Power Ic သုံး Huawei G6 , C8816 တို့၏ Charging Error


 

PM8110 Power Ic အသုံးပြုထားသော ဖုန်းမှန်သမျှ Charging ic သီးသန့်မပါဝင်ပါ။
Charging အလုပ်မှန်သမျှ PM8110 Power Ic ကိုယ်တိုင်မောင်းနှင်း Control လုပ်ပေးပါတယ်။
ထို့ကြောင့်Chargingခေါင်း၌ 5V ရှိပြီး အားမဝင်ခြင်း ၊ အားဝင်ပုံပြပြီးအားမတက်ခြင်း error တော်တော်များများမှာ PM8110 Power Ic ကိုလဲလှယ်ပေးခြင်းဖြင့် ပြန်ကောင်းတာများပါတယ်။
Charging လမ်းပေါ်ရှိ Coil ကတော့ ပျက်လေ့မရှိပါ။ ခေါင်းမပျက်လျှင် Power ic ပျက်၊ Power ic မပျက်လျှင် Battery Connector ပျက်၊ ဒါပဲပျက်စရာရှိတယ်။
Huawei G6 , C8816 , G630 U00 , Y610 U00 စသည်ဖြင့်ဖုန်းတော်တော်များများ PM8110 ကိုအသုံးပြုထားပါတယ်။ ထိုနေရာတွင်အချို့ဖုန်းများသည် စနစ်ပိုကောင်းအောင် Diode လေးများ FET လေးများကို IC အသွင်သဏ္ဍန်ဖြင့် ထည့်သွင်းတည်ဆောက်လာသည်တွင် အတွေ့ကြုံနည်းပါးသေးသူ တက်သစ်စ Service သမားလေးများ ရွာလည်တိုင်ပါတ်လေတော့သည်။
သိသွားတော့လည်း သိပ်မထူးဆန်းသလိုလိုပင်။
G6ကဲ့သို့သော ဖုန်းChargingခေါင်းအနီးပါဝင်သော Diode လေးများ Short Circuit ဖြစ်တက်ပါသည်။ ၄င်းDiode Short Circuit ဖြစ်နေလျှင် အားသွင်းကြိုးထိုးလိုက်သည်နှင့် Boot လည်သွားတက်သည်။ USB Filter သဘောတည်ဆောက်ထားသောကြောင့် ဖြုတ်ချထားရပါတယ်။ အစားထိုးစရာရှိလျှင် ပြန်ထည့်ပေးရမည်။ မရှိလျှင် ပြန်မထည့်၍လည်းကောင်းနိုင်ပါတယ်။

 
အားလုံးအဆင်ပြေပါစေ။

0 comments:

Post a Comment