အမှန်တော့ IQ တို့ Istyle တို့ဆိုတာက ယိုးဒယားက IMOBILE ကုမ္မဏီက ထုတ်တဲ့ဖုန်းတွေပါ။ သို့ပေမဲ့ ယခုတင်ပေးတဲ့ မော်ဒယ်က clone လို့ပြောရင်ရပါတယ်။ ခုနောက်ပိုင်းကျွန်တော်တို့ ယိုးဒယားနယ်စပ် မှာတော်တော်လေးတွေ့ရများလာပါတယ် တခြားနေရာတွေတော့သိဘူးပေါ့။ ဒီကောင်တွေက Firmware မပြောနဲ့ သူ့ဓါတ်ပုံလေးတစ်ပုံတောင် အွန်လိုင်းမှာရှာမရပါဘူး။ ခုကျွန်တော်ပြထားတဲ့ပုံက NEX တံဆိပ်ပါ အဲဒါလဲ နဲနဲပြောချင်ပါတယ် လျှာရှည်တယ်တော့မထင်နဲ့ပေါ့ :-D
ဒီမော်ဒယ်မှာ သူနဲ့ပုံစံတူ အရွယ်စားတူ အားလုံးတူ သို့ပေမဲ့ တံဆိပ်မတူတာတွေ အများကြီးတွေ့ရပါတယ်။ Clone ဆိုတော့သိတဲ့အတိုင်းပဲလေ ရောင်းအားကောင်းအောင် တွေ့တဲ့တံဆိပ်ကောက်တပ်ထားတာ အမှန်တော့ Software ရော Hardware ပစ္စည်းတွေရော အားလုံးဟာအတူတူပါပဲ။ အဲဒါကြောင့် ဒီပုံစံ ဘာတံဆိပ်ပဲလာလာ ဒီFirmware ကိုတင်နိုင်ပါတယ်။ နောက်ထပ်လျှာနဲနဲထက်ရှည်အုံးမယ်နော် နဲနဲတောသည့်ခံ :-D
IQ ကို ခုလို Clone လား အမှန်လားဆိုတာရော လွယ်လွယ်ကူကူခွဲခြားတက်ပီလား ?
သူက Clone သာပြောတယ် မော်ဒယ်တူ ပုံစံတူ အတုတော့လိုက်မလုပ်ဘူးဗျ သူက IQ နာမည်ကိုတာသုံးတာ မော်ဒယ်နံပါတ်ကြားရရုံနဲ့ Clone ဆိုတာသိတယ်။ Imobile IQ မှန်ရင် နံပါတ်က ပွိုင့်ခံပြီးလာတယ် ဥပမာ- IQ 5.6 ပေါ့ အဲဒါက ယိုးဒယားကထုတ်တာပါ Clone တွေရဲ့ မော်ဒယ်နံပါတ်တွေက သိရသလောက် သုံးလုံးနဲ့လာတယ် ပွိုင့်မခံထားဘူး သိရသလောက်တော့ IQ-104 / IQ-106 / IQ-101
ဆိုပြီးတော့လာကြတယ် ဒီမော်ဒယ်မှာဆို ဒီဇိုင်းတူပုံစံတူ နာမည်ခွဲတွေလာကြတယ် ထားလိုက်ပါတော့ ဆက်ရေးနေရင်ပြီးတော့မှာမဟုတ်ဘူး။ ဒီပုံစံ ဒီ ဒီဇိုင်းနဲ့လာရင် Firmware အတူတူပဲ Hardware ပစ္စည်းတွေလဲအတူတူပဲ အသုံးပြုလို့ရတယ်။
လိုရမယ်ရ CWM ပါပြုလုပ်ပေးလိုက်တယ်။ လုံးဝ Error ကင်းကြောင်းအာမခံတယ်။
လိုအပ်ရင်တော့ဒေါင်းသွား။ ဆားဗစ်သမားမှန်ရင် မလိုအပ်သေးရင်လဲ ဒေါင်းပြီးသိမ်းထား အကြိုးမယုတ်ဘူး။
အားလုံးအဆင်ပြေပါစေ။
0 comments:
Post a Comment