ပိုးစုန်းကြူးသည် သဘာဝရှိ အလင်းထုတ်လွှတ်နိုင်သော သတ္တ၀ါများတွင်
ထိရောက်မှုအရှိဆုံး သတ္တ၀ါစာရင်း တွင်ပါဝင်သည်။ သုတေသနပြုလုပ်မှုများအရ
ပိုးစုန်းကြူး၏တောက်ပမှုသည် ခန္ဓာကိုယ်အတွင်း ဓာတုပစ္စည်း
များဓာတ်ပြုမှုကြောင့် သီးသန့်သာမကဘဲ ၎င်း၏ခန္ဓာကိုယ်တည်ဆောက်မှုပုံစံကြောင့်လည်း
သက်ဆိုင်သည်ဟု သိလာရသည်။ ထိုတည်ဆောက်ပုံအရ OLED display ပုံစံကို
တိုးတက်စေရန် လေ့လာနိုင်ကြောင်းသိရသည်။ ပိုးစုန်းကြူး၏တည်ဆောက်ပုံသည်
လူများတည်ဆောက်သောပစ္စည်းကဲသို့
ချောမွေ့မှုမရှိသော်လည်း အထူး သေးငယ်သော micro & nano structures
များဖြင့်တည်ဆောက်ထားပြီး ထိုပစ္စည်းများကို Korea Advanced Insti-tute of
Seience and Technology(KAIST) မှလေ့လာခဲ့သည်။ ထို့နောက် ထိုလေ့လာချက်ပေါ်
အခြေခံ ကာ bio-inspired organic light-emitting diode (OLED)
ကိုဖန်တီးနိုင်ခဲ့သည်။ ရလဒ်မှာအားရစရာဖြစ်ခဲ့ပြီး
အလင်းထုတ်ယူနိုင်မှုထိရောက်မှု ၆၀% ပိုမိုလာခဲ့ပြီး illumination angle ၁၅%
ကျယ်ပြန့်လာခဲ့သည်။ ပိုးစုန်းကြူးခန္ဓာကိုယ်တည်ဆောက်ပုံနှင့်တူညီ
အောင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး bioinspired OEDs များကို အမြောက်
အမြားထုတ်လုပ်ရန်ဖြစ်နိုင်ပြီဟုဆိုခဲ့သည်။ ယခုအခါ KAIST မှ OLED
ထုတ်လုပ်မည့် လုပ်ငန်းဖော်အား ရှာဖွေနေပြီး ပိုမိုကောင်းမွန်စေရန်လည်း
ဆက်လက်၍ သုတေသနပြုလုပ်လျက်ရှိကြောင်း ဆိုထားသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal
0 comments:
Post a Comment