Saturday, December 26, 2015

Android User များအတွက် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်များ




ဒီနေ့လေးဟာ ကျွန်တော့်ရဲ့မွေးနေ့လေးဖြစ်တဲ့အတွက် တကယ်တန်ဖိုးရှိတဲ့ဆော့ဝဲလ်လေးတွေကိုလက်ဆောင်အဖြစ်တင်ပေးလိုက်ပါတယ်နော်
စာရေးတာ နည်းနည်းရှည်သွားရင် သည်းခံပီးဖက်ပေးပါ တယ်ကယ်တန်ဖိုးရှိတဲ့ဆော့ဝဲလ် တွေပါ
ခုနောက်ပိုင်း Android Phone လောကကို မမျှော်လင့်ပဲ Virus တစ်မျိုးသောင်းကျန်းလာပါတယ် တော်တော်ဆိုးတဲ့ Virus တစ်မျိုးပါ
သူ့ကိုဖုန်းလောကသားတွေက မျောက်ကိုက်တယ်လို့ခေါ်ကြပါတယ်။ အဲဒီ Virus က ဖုန်းရဲ့ System ထဲထိကိုဝင်မွေတဲ့ကောင်ပါ ဖုန်းကို Root ဖောက်ထားသည်ဖြင့်စေ
မဖောက်ထားသည်ဖြစ်စေ သူဟာ System ပိုင်းထဲထိဝင်နိုင်ပါတယ်။ ဖုန်းရဲ့ Error တော်တော်များများဟာ Reset ချလိုက်ရင်ပြန်ကောင်းလာပေမဲ့ ဒီ Virus ထိထားတဲ့ဖုန်းဟာ
ဘယ်လိုမှ Reset ချလို့မရပါဘူး Firmware ပြန်တင်ရင်တောင် သာမန်ဖုန်းထပ်ကိုပိုပြီး ခက်ခဲမှုတွေနဲ့ကြုံနေရပါတယ်။ အဲဒီ Virus သွားခဲ့ရင် ဖုန်းမှာဖြစ်သွားတဲ့လက္ခဏာတွေကတော့
ကြော်ငှာလင့်တွေ အချိန်တိုင်းပေါ်နေမယ် ဖုန်းကအရမ်းလေးလာပီး တချို့ဖုန်းတွေဆိုပူလာမယ် နောက်ပီးဆော့ဝဲလ်တွေ ဒေါင်းလော့မဆွဲပဲ သူ့အလိုလိုဝင်လာကြမယ် ပီးရင်ပြန်ဖျက်မရဘူး
Unfortunateiy, Game Center has stopped ဆိုပီးအမြဲပေါ်နေလို့ ဖုန်းကဘာမှသုံးမရဖြစ်နေမယ် တစ်ချို့ဖုန်းတွေဆို ဖုန်းကသုံးနေရင်းသူ့အလိုလို Auto Shutdown ( ပါဝါအလိုလျောက်ပိတ် ) ကျသွားတာမျိုးတွေကြုံနေရကြပါတယ်
ဖုန်းနဲ့အင်တာနက်အသုံးပြုသူ 80% လောက်ရှိမယ်ထင်တယ် အဲဒီပြဿနာမျိုးတွေကြုံနေရကြပါတယ်။ အဲဒီလိုပြဿနာမျိုးကြုံလို့ firmware ပြန်ရှာလို့လွယ်ကူတဲ့ဖုန်းတွေဆိုရင်တော့သိပ်ကိစ္စမရှိပေမဲ့
Firmware ပြန်ရှာမရတဲ့ဖုန်းအမျိုးစားတွေ ဘာမဟုတ်တဲ့ပြဿနာကြောင့် လွင့်ပစ်ရတဲ့အထိဖြစ်နေကြပါတယ် အဲဒီလိုကိစ္စမျိုးကြုံနေရတဲ့သူတွေအတွက်တကယ့်ကို အဖိုးတန်ရတနာတစ်ပါဖြစ်မယ်လို့ထင်ပါတယ်
အဲဒီလိုမဖြစ်သေးတဲ့သူတွေလည်း Virus Software ကောင်းကောင်းတစ်ခုထည့်ပီးကာကွယ်ထားရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ ခုကျွန်တော်တင်ပေးတဲ့ ဆော့ဝဲလ်တွေက များကြီးပါ စမ်းသက်ပီးသားတွေကြီးပါ
ဖုန်းတစ်လုံးနဲ့တစ်လုံးကပုံသေတွက်လို့မရပါဘူး ဆော့ဝဲတစ်ခုထဲနဲ့ဖုန်းအားလုံးမှာအဆင်မပြေတဲ့အတွက် မိမိဖုန်းနဲ့ကိုက်ညီမဲ့ဆော့ဝဲကို တစ်ခုပီးတစ်ခုစမ်းကြည့်လိုက်ပါ တစ်ခုမဟုတ်တစ်ခုနဲ့တော့အဆင်ပြေမှာပါ
ဆော့ဝဲအားလုံးကကောင်းပါတယ် အလုပ်အမှန်တစ်ကယ်လုပ်တယ်ဆိုပေမဲ့ ဖုန်းအားလုံးမှာအဆင်မပြေတာတစ်ခုတော့နည်းနည်းစိုးတယ်ဗျာ။ အဲဒီ Virus မထိသေးတဲ့သူတွေကတော့ Kaspersky ( or ) Avast
လိုဆော့ဝဲမျိုးတွေဆောင်ထားသင့်ပါတယ်။ စာဖက်ရတာမောတွားပီလား ဆောရီးနော် စေတနာတွေပါဟဲဟဲ အဆင်ပြေကြပါစေဗျာ။ အောက်မှာဘာဆော့ဝဲတွေလည်းဆိုတာ ဆက်ပီးဖက်ကြည့်လိုက်အုံးနော် :-P

ဒီဆော့ဝဲလေးက Stubborn Trojan Killer ဖြစ်ပါတယ် သူ့ကို CM Security နဲ့တွဲပီးသုံးရပါတယ်




နောက်တစ်ခုက  M Cleaner



နောက်တစ်မျိုးက Anti Monkey test Last



နောက်တစ်မျိုးက Avast Mobile Security



နောက်တစ်ခုက Kaspersky Internet Security




နောက်တစ်ခုက Kaspersky Mobile Security



နောက်ဆုံးတစ်ခုကတော့ ကွန်ပျူတာနဲ့ USB ချိတ်ဆက်ပီးသုံးရမှာဖြစ်ပါတယ်


ကွန်ပျူတာနဲ့ USB ချိတ်ဆက်ပီးသုံးရမဲ့ဆော့ဝဲကတော့ ( rar ) နဲ့ချုပ်ထားတာဖြစ်ပြီး ကျွန်တော့် gmail account ကို password အဖြစ်ထည့်ထားပါတယ် password တောင်းလာပါက mwdarkarsoe@gmail.com လို့ရိုက်ထည့်ပေးလိုက်ပါ ဆော့ဝဲဒေါင်းယူတာနဲ့ password ကို Copy ဆွဲသွားလိုက်ပါ

( ဝန်ခံချက်။ ။ဒီဆော့ဝဲတွေအားလုံးဟာ ကျွန်တော်လိုင်းပေါ်ကနေပဲရခဲ့တာပါ link တွေက တစ်ခုကိုတစ်မျိုးစီဆိုတော့ မူရင်း link တွေကို ဖေါ်ပြဖို့ခက်ခဲတဲ့အတွက်ကြောင့် မူရင်း link ပိုင်ရှင်များ သည်းခံပေးကြပါရန် )

အားလုံးအဆင်ပြေပါစေ။






0 comments:

Post a Comment