CDMA MEC ဖုန်းတွေကို GSM နှစ်ကတ်တွဲသုံးနိုင်တဲ့ နည်းလေးဖြစ်ပါတယ်။ ဥပမာ MEC SIM တွေ လိုင်းမတဲ့နေရာ GSM Card ဖြစ်တဲ့ MPT, Telenor, ပဲလိုင်းရလို့ နှစ်ခုသုံးချင်ရင် ဖုန်းကလည်း MEC CDMA ဖုန်းဖြစ်နေတော့ အဆင်မပြေတဲ့ သူတွေအတွက် အဓိကရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ တကယ် စမ်းသပ် ထားတဲ့နည်း အမှန်တကယ်အဆင်ပြေပါတယ်။
အောက်မှာ ကျနော်တင်ထားပေး တဲ့ ဆော့ဝဲလ်ကို ဒေါင်းပြီး ရေးထားတဲ့နည်း အတိုင်း လိုက်လုပ်ရုံပါပဲ၊ စိတ်ဝင်စားသူလိုက်လုပ်နိုင်ပါတယ်။ ကျနော်တင်ပေးထားတဲ့ ဖုန်းဆော့ဝဲလ် ကို ဒီလင့် (
Link1,
Link2) ကနေ၀င်ဒေါင်း လိုက်ပါ။
ပြီးရင် ဖုန်းမှာ Install လိုက်ပါ။ ဖုန်းကို ပိတ်ပြီး CDMA MEC ကတ်နေရာမှာ GSM Card ဖြစ်တဲ့ MPT သို့မဟုတ် Telenor Card ကိုပြောင်းထည့်လိုက်ပါ။ ဆော့ဝဲကို ဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံကို ကြည့်ပြီးလိုက်လုပ်ပါ။
အဲလိုလုပ်ပြီးလို့ ဖုန်းလိုင်းမတက်ရင် ဖုန်းကို Restart ချလိုက်ပါ။ Restart ချပြီးလို့ ဖုန်းပြန်တက်လာရင် GSM နှစ်ကတ် သုံးရပါပြီ အောက်က ပုံကိုကြည့်လိုက်ပါ။
တခုရှိတာက ဖုန်းကို Call တော့မယ်ဆို အောက်ကပုံကိုကြည့်လိုက်ပါ။ Call Local ကိုအစက်ပေးပြီး Call ကိုနိပ်ပြီး ဖုန်းခေါ်ရုံပါပဲ။ အားလုံးအဆင်ပြေပါတယ်။
လက်တွေ့စမ်းသပ်ထားတဲ့နည်းမို့ အမှန်တကယ်အသုံးပြုလို့ရပါတယ်။ အားလုံးအဆင်ပြေပါစေ။